Articles

မြန်မာ တပ်ကြပ်ကြီး တဦး ဘင်္ဂါလာဒေရှ်နိုင်ငံတွင် အဖမ်းခံရ

တဲခ်နာဖ် ၊ ဘင်္ဂါလာဒေရှ်။ ။ မြန်မာ စစ်တပ်မှ တပ်ကြပ်ကြီး တဦးကို မနေ့နံနက် ၁၀ နာရီခွဲ တွင် ဘင်္ဂါလာဒေရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ မှ ကောစ်ဘဇားခရိုင်၊ တဲခ်နာဖ်မြို့၊ စေတီမူရာ ကျေးရွာတွင် ဖမ်းဆီးမိကြောင်း တဲခ်နာဖ်မြို့ခံ တဦး၏ပြောပြချက်အရ သိရှိရ သည်။

အဖမ်းခံရသော တပ်ကြပ်ကြီးမှာ ထွန်းထွန် ခေါ် ဦးအောင်မြိုင်၊ အသက် ၃၀ နှစ်ဖြစ်ပြီး၊ ဘူးသီးတောင် အခြေ စိုက် စစ်ဆင်ရေး နှင့် ကွက်ကဲမှုဌာန (စကခ) အမှတ် ၁၅ မှ အင်ဂျီနီယာတပ်ဖွဲ့ဝင် တဦး ဖြစ်သည်။ ၎င်းတပ်ဖွဲ့သည် လွန်ခဲ့သော နှစ် ဒီဇင်ဘောလ ဒုတိယပတ်တွင် မောင်တောမြို့ နံသာတောင် နှင့် လိပ်ရ ကြားတွင် တပ်စွဲထားပြီး၊ မြန်မာ နှင့် ဘင်္ဂါလာဒေရှ် နယ်စပ် တ လျှောက် တွင် ပြုလုပ်နေသော ခြံစည်းရိုး ကို အပြီးအပိုင် ပြုလုပ်ရန် ရောက်ရှိလာသော တပ်ဖွဲ့လည်းဖြစ်ကြောင်း  မောင်တောမြို့ရှိ အစိုးရအရာရှိ တဦး၏ ပြောပြချက်အရ သိရသည်။

“ များစွာသော စစ်တပ်အရာရှိများနှင့် နယ်ခြားစောင့်တပ်ဖွဲဝင်များ ဘင်္ဂါလာဒေရှ်နိုင်ငံကို ဈေးဝယ်ဖို့သွားကြတဲ၊ တခါမျှ ယ္ခုလိုမဖမ်းဘူး။ ဒီတခေါက် ဘာဖြစ်လို့ ဖမ်းသလဲ မသိဘူး” ဟု ၎င်းအရာရှိကပင် ပြောဆိုသည်။

၎င်းတပ်ကြပ်ကြီး ထွန်းထွန်းနှင့် အတူ လိုက်ပါသွားသော ရခိုင်ပြည်နယ် ၊ မောင်တော မှ ရိုဟင်ဂျာ လေးဦးလည်း အဖမ်းခံရကြောင်း၊ ၎င်းတို့မှာ ရေမျက်ပြင်ကျေးရွာမှ နုရ်ဖေါ်ယာစ် ၂၁ နှစ်၊ ဆော်ယာာဒ် အာလောမ် ၁၈ နှစ် နှင့် နူရ် မိုဟာမတ် ၁၆ နှစ် အပြင် အဘုလ် ကာလာမ် ၂၅ နှစ် မှာ ရေမျက်တောင် ကျေးရွာမှ ဖြစ်ကြောင်း၊ ၎င်းတို့အား တဲခ်နာဖ် အခြေစိုက် အမှတ် ၄၂ ဘင်္ဂါလာဒေရှ် နယ်ခြားစောင့်တပ်ရင်း မှ ဗိုလ် မိုဟာမတ် ဆာဒက် ဦးစီးသော တပ်ခွဲမှ ဖမ်းဆီးမိကြောင်း၊ ၎င်းတို့နှင့် အတူ စက်လှေတစီးပါ ဖမ်းဆီးမိကြောင်း ၎င်းတဲခ်နာဖ်မြို့ခံကပင် ပြောဆိုသည်။

အမှတ် ၄၂ ဘင်္ဂါလာဒေရှ် နယ်ခြားစောင့်တပ်ရင်း၊ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မူဇာမာလ် ဟူဆိန်  မှာ ၎င်းတို့မြန်မာ တပ်ကြပ်ကြီးနှင့် ရိုဟင်ဂျာများကို ဖမ်းဆီးကြောင်း နှင့် မြန်မာ နယ်ခြားစောင့်တပ် (နစက) မှ ဖမ်းဆီးထားသူများအား ပြန်လည်လွှတ်ပေးရန်တောင်းဆို သည့် စာတစောင် လက်ခံရရှိကြောင်းလည်း ပြောပြသည်။

ဖမ်းဆီးထားသူများအား တဲခ်နာဖ် ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှူများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဘယ်သူဖတ်နေသလဲ

We have 26 guests and no members online