Monday, 19 August 2019

စစ်တွေမြို့ဘာသာရေးအဆောက်အဦးများတွင် ဗုဒ္ဓဘာသာဝါတွင်းကာလာအတွင်း အရပ် သားဝတ်စုံဖြင့် ထောက်လှမ်းရေးများသည် ဘူရားဖူးများနှင့်အတူ ရောနှောပြီး ၎င်းနေရာ များတွင်လုံခြုံရေးကို  မသိမသာတိးုမြှင့်နေရာယူထားကြောင်းသိရသည်။

ဤဗုဒ္ဓဘာသာဝါတွင်းကာလာအတွင်း၌ဘုန်ကြီးကျောင်း နှင့် စေတီများတွင် ဗုဒ္ဓဘာသာဝင် များ နှင့် ဘုန်းတော်ကြီးများ ဘာသာရေးဆိုင်ရာ ကမ္မဠာန်းထိုင်ရာတွင် အနှောင့် အယှက် ဖြစ်စေကြောင်း စစ်တွေမြို့မှ မကြာခင်က ဘင်္ဂါလာဒေရှ်နိုင်ငံသို့ ရောက်ရှိလာသော ဆရာတော်တပါး၏ပြောပြချက်အရ သိရှိရသည်။

လွန်ခဲ့သော စက်တင်ဘောလ ၃ ရက်နေ့မှ စ၍ ထောက်လှမ်းရေးဌာနအသီးသီးမှ အရပ်ဝတ်ဖြင့် ဘုရားဖူးများနှင့် အတူ ရောနှောပြီး၊ နာမည်ကြီးဘုန်းကြီးကျောင်းများနှင့် စေ တီများတွင်  စုံစမ်း လေ့လာနေကြောင်း သိရသည်။

ရဲ၊ ထောက်လှမ်းရေးနှင့် တခြား လက်နက်ကိုင်အဖွဲ့ဝင်များသည် လူစည်ကားရာနေရာများ ဖြစ်သော ခွဆုံ၊ ဈေး၊ သဘောင်္ဆိပ်များ၊ ကားဂိတ်များ၊ ထင်ရှားကျော်ကြားသော ဘုန်းကြီး ကျောင်းများ နှင့် စေတီများတွင် နေရာယူပြီး၊ ပြည်သူလူထုများအား လေ့လာစောင့်ကြည် လျက်ရှိကြောင်း၊ သို့သော် ယ္ခုတိုင် တဦးတယောက်ကိုမျှ ဖမ်းဆီးခြင်း မရှိကြောင်း သိရှိရ သည်။

ဖောက်လှမ်းရေးအဇွဲ့ဝင်များသည် အတုလမားရာဇိန်းပြည်လုံးချမ်းသာစေတီ၊ သာလွန် စေတီ၊ လောကနန္ဒစေတီ၊ ဘုရားကြီးစေတီ၊ အေးစေတီ၊ မဟာကုသလ ဘုန်းကြီးကျောင်း၊ ဦးဥတ္တမ ဘုန်းကြီးကျောင်း နှင့် ပန်းခြံတွင် နေရာယူထားပြီး၊ လူသွားလူလာများကို စောင့် ကြည့်နေကြောင်း သိရှိရသည်။

ဤထောက်လှမ်းရေးအဖွဲ့ဝင်များအားလုံးကို ရခိုင်ပြည်နယ် ရဲမင်းကြီး ဦးအောင်ဒိုင်း မှ စီမံ အုပ်ချုပ်နေကြောင်း စစ်တွေမြို့မှ အရာရှိတဦး ၏ပြောပြချက်အရ သိရှိရသည်။