Sunday, 26 May 2019

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် မောင်နီကျေးရွာတွင် သြဂုတ်လ ၁၈ ရက် နေ့၌ ရိုဟင်ဂျာ အမျိုးသမီး သုံးဦးသည် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိတဦးအား ရှာဖွေ ၀ရမ်းမပါ၍ သူတို့အိမ်ထဲသို့ဝင်ခြင်းမပြုခဲ့ကြောင်း ၎င်းကျေးရွာမှ သက်ကြီးအရွယ် တဦး၏ ပြောပြချက်အရ သိရှိရသည်။
Read more: နစက အရာရှိတဦးအား အိမ်ထဲမ၀င်ရန် ရိုဟင်ဂျာ အမျိုးသမီး တားဆီး

ဘင်္ဂါလာဒေးရှ်နိုင်ငံ၊ တဲခ်နာဖ်မြိုရှိ  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး လက်အောက်ရှိ နော်ယာဖါရာ ဒုက္ခသည်မှ ဒုက္ခသည်တဦးကို အမည်မသိ လူတစုက ဆေးဝယ်ပြီး ပြန်လာနေစဉ် ပြန်ပေးဆွဲခံရကြောင်း အဖေဖြစ်သူ၏သတင်းပေးချက်အရ သိရှိရသည်။
Read more: ရိုဟင်ဂျာ ဒုက္ခသည်တဦး ပြန်ပေးဆွဲခံရ

ရခိုင်ပြည်မြောက်ပိုင်း နယ်စပ်တလျှောက်ရှိ နယ်စပ်လုံခြုံရေး စခန်းနှင့် ကင်းစခန်းများ၏ ခေါင်မိုးပေါ်တွင် အိန္ဒိယ စတာလိုက် ကုမ္ပဏီ တခုဖြစ်သော တာတာ စလောင်းများကို သြဂုတ်လဆန်ပိုင်း မှ စ၍ တွေ့ရှိနေရကြောင်း နစကနှင့် နီးစပ်သူတဦး၏ပြောပြချက်အရ သိရှိရသည်။

Read more: တာတာ စလောင်း နစက စခန်းပေါ်တွင် တွေ့ရ

ဘင်္ဂါလာဒေးရှ် နိုင်ငံ၊ ကူတုဖါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် တရားဝင် ဒုက္ခသည် များ နှင့် တရားမ၀င် ဒုက္ခသည်များ အချင်းချင်း မနေ့နေ့လည်တွင်ရေစုပ်စက်မှ သောက်ရေ ယူရာတွင် ရန်ပွဲဖြစ်ရာ တဦး  အပြင်းအထန် နှင့် တခြား ခြောက်ဦး ဒဏ်ရာ ရရှိသည့် အခြေအနေတွင် ရှိကြောင်း ဒုက္ခသည်စခန်း ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ဦးရော်ဖိက်မှ ပြောဆိုပါသည်။
Read more: ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ရန်ပွဲဖြစ်၊ ခုနှစ်ဥိး ဒဏ်ရာရ

ရခိုင်ပြည်မြောက်ပိုင်းဖြစ်သော မောင်တော၊ ဘူသီးတောင်မြို့နယ်များတွင် မြန်မာ ကျပ်ငွေ တထောင်တန် အတုများကို ဤလဆန်းပိုင်မှစ၍ တွေ့ရှိရကြောင်း အမည်မဖေါ်လိုသူ မောင်တောမြို့နယ်မှ အရာရှိတဦး၏ပြောပြချက်အရ သိရှိရသည်။
Read more: ရခိုင်ပြည်မြောက်ပိုင်းတွင် ကျပ်ငွေအတုများ တွေ့ရ