Wednesday, 20 September 2017

စစ်တွေ၊ ရခိုင်ပြည်နယ်။ ။ ပြည်ထောင်စု ဝန်ကြီးများ နှင့် စစ်တွေမြို့ပေါ် ရိုဟင်ဂျာ ရပ်မိ ရပ်ဖ လူကြီးတို့ စစ်တွေမြို့ ဗန္ဓုလ ခန်းမ ၌ ဇူလိုင်လ ၁၃ ရက်နေ့တွေ့ဆုံ ဆွေးနွေးရာတွင် ရိုဟင်ဂျာများ အား ရခိုင်မူဆလင် အဖြစ် အသိအမှတ် ပြုမည် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြား သွားခဲ့သည် ဟု ယင်းတွေ့ဆုံပွဲ တက်ရောက်သူများ၏ ထွက်ဆိုချက်အရ သိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စု လ.ဝ.က ဒု ဝန်ကြီး ဦးကျော်ကျော်ဝင်းမှ ရိုဟင်ဂျာလူမျိုးများ၏ နိုင်ငံသားဖြစ်မြောက်ရေး ကိစ္စအတွက် ၁၉၈၂ ဥပဒေနှင့်စစ်ဆေးသွား မည်ဖြစ်ပြီး၊ လူမျိုးအမည် ရွေးချယ်ရေး ကိစ္စမှာမှု နိုင်ငံတော် သမ္မတ နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးခင်ရီတို့ မှ ဆုံးဖြတ် ပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။
 
အစိုးရ အနေဖြင့် ရိုဟင်ဂျာဟု လက်မခံ နိုင်သလို ဘင်္ဂလီဟူ၍လည်း ခင်ဗျားတို့လက်မခံဟု သိရ သဖြင့် ရခိုင်ပြည်နယ်တွင် နေသော မွတ်ဆလင်များကို “ရခိုင်မွတ်ဆလင်” လူမျိုးဟု သတ်မှတ်ပေးရန် စဉ်းစားနေကြောင်း ဒု ဝန်ကြီး ဦးကျော်ကျော်ဝင်းမှ ပြောကြားသွားခဲ့သည် ဟု သိရသည်။

နိုင်ငံသား ဖြစ်မြောက်ရေး လုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်္ဘာလ ကို နောက်ဆုံးထား၍ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ မူလနေရာများသို့  ပြန်လည်နေရာ ချထားရေ ကိုမှု ချက်ချင်းကြီး မပေးနိုင်သေးကြောင်း ၊ လူမျိုးစု နှစ်စု တဖြည်းဖြည်း တည်ငြိမ်အေးချမ်းမှု ရရှိလာမှသာ စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မောင်တောမြို့ မှ ကျောင်းသားတဦးကမှု ကျွန်တော်တို့ မှာ နာမည်ရှိသားဘဲ ဘာအတွက် အစိုးရ အနေနဲ့ နာမည်ပေးရ မှာလဲ့၊ ရိုဟင်ဂျာ ကို လက်ခံလိုက်ယင် ပြဿနာ အားလုံးရှင်းသွားမှာ ဖြစ်ကြောင်း၊ အစိုးရ ကြိုးစားနေသည့် သန်းခေါင်းစာရင်းလည်း ပြေပြေလည်လည် ပြီးသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ခင်ဗျာတို့ အနေနှင့် ရခိုင်လူမျိုး၊ အစိုးရတို့နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော် သမ္မတလည်း တိုင်းပြည် ပြန်လည်အေးချမ်းသွားအောင် အဘက်ဘက်မှ ကြိုးစားအားထုတ် ဆောင်ရွက်လျက်ရှိနေကြောင်း ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အတူတကွ လက်တွဲဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဗိုလ်ချုပ် သက်နိုင်ဝင်းမှ ပြောကြားသွားကြောင်း သိရသည်။

ထို့အပြင်၊ ပဋိပက္ခများ နောင်မဖြစ်နိုင်ရေးကို အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ကို လည်း ပြောကြားသွားသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စု လ.ဝ.က ဒု-ဝန်ကြီးဦးကျော်ကျော်ဝင်းနှင့်အဖွဲ့ ၊ ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့်အဖွဲ့ ၊ ရခိုင်ပြည်နယ်အစိုးရ လ.ဝ.က ဝန်ကြီးနှင့်အဖွဲ့၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြဲုံရေး ဝန်ကြီး ဗိုလ်မှုးကြီး ထိန်လင်း နှင့်အဖွဲ့ ၊ ရခိုင်ပြည်နယ်ရဲမင်းကြီးနှင့်အဖွဲ့ နှင့် ရိုဟင်ဂျာရပ်မိရပ်ဖများဖြစ်သော -
စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်မှ ဦးရွှေလှ၊ ဦးအောင်သိန်း၊ ဦးလှကျော်၊ ဘုမေ ရပ်ကွက်မှ ဦးဘမောင်၊ ဦးရွှေမောင်၊ သဲချောင်းဒုက္ခသည်စခန်းမှ  ဦးမောင်မောင်စိန်၊ ဦးလှကျော်၊ ဦးရှောမ်ရှူး၊ ဦးကျော်လှ၊ ဦးမောင်ဘ၊ ဦးလှမြင့်၊ မော်လာနာ အာမိန်ရှော်ရိဖ်၊ အုန်းတောကြီး မှ ဦးအုစ်မာန် နှင့် သက္ကေပြင် မှ မော်လာနာ မူဟိယောဒ္ဒိန်း တို့တက်ရောက်ခဲ့ကြောင်းသိရသည်။