Monday, 16 September 2019

မောင်တောမြို့ရှိ မြို့မဈေးတွင် လွန်ခဲ့သော အပတ် မှ စ၍ ရေငံငါးများ ရောင်းချခြင်း မရှိသည့် အတွက် ပြည်သူများ ငါးရှားပါးမှု နှင့် ရင်ဆိုင်နေကြောင်း မောင်တောမြို့မှ လူကြီး ဦးဇော်ကော်ရီယာ မှ ပြောပြသည်။

Read more: မောင်တောတွင် ရေငံငါး ရှားပါးမှု ကြုံတွေ့နေရ

မောင်တော၊ ရခိုင်ပြည်နယ်။ ။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည် မောင်တောမြို့သို့ ရဟတ်ယာဉ် ဖြင့် ယနေ့ နံနက် ၁၁း၄၁ နာရီတွင် ရောက်ရှိကြောင်း၊ မောင်တောမြို့နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းများ သွားရောက် ကြိုဆိုခဲ့ကြောင်း၊ ဦးဟာလိမ်၊ မောင်တောမြို့ရှိ လူ့အခွင့်အရေး စောင့်ရှောက်ကြည့်ရှုရေးအဖွဲ့ဝင် မှ ပြောဆိုသည်။
သို့သော် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည် မောင်တောမြို့ပေါ်ရှိ ရိုဟင်ဂျာ ရပ်မိ ရပ်ဖ များနှင့် တွေ့ဆုံခြင်းမရှိကြောင်း၊ ဦးဟာလိမ်မှာ ဆက်လက် ပြောဆိုသည်။

Read more: မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ မောင်တောခရိုင်ရှိ...

စစ်တွေ၊ ရခိုင်ပြည်နယ်။ ။ ပြည်ထောင်စု ဝန်ကြီးများ နှင့် စစ်တွေမြို့ပေါ် ရိုဟင်ဂျာ ရပ်မိ ရပ်ဖ လူကြီးတို့ စစ်တွေမြို့ ဗန္ဓုလ ခန်းမ ၌ ဇူလိုင်လ ၁၃ ရက်နေ့တွေ့ဆုံ ဆွေးနွေးရာတွင် ရိုဟင်ဂျာများ အား ရခိုင်မူဆလင် အဖြစ် အသိအမှတ် ပြုမည် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြား သွားခဲ့သည် ဟု ယင်းတွေ့ဆုံပွဲ တက်ရောက်သူများ၏ ထွက်ဆိုချက်အရ သိရသည်။

Read more: ရိုဟင်ဂျာ ကို ရခိုင်မူဆလင် အဖြစ် အသိအမှတ်ပြုမည်ဟု အာဏာပိုင် ပြော