Thursday, 21 November 2019

တောင်ဘာဇာအောင်မြေ

ယခုတလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သတ်၍ အဖွဲ့အစည်းအသီးသီး၊ သတင်းဌာန အသီးသီးတို့က သူဖက် ကိုယ့်ဖက်လိုရာဆွဲ၍ ပြောဆိုရေးသား ဖော်ပြနေ သည်ကို တွေ့ရသည်။ နိုင်ငံအချင်းချင်းကြား၌ စစ်ပွဲဖြစ်ပွားလျှင် တဖက်၏ ဆုံးရှုံးပျက်စီးမှုကို ချဲ့ကား၍ ပြောဆိုကြသော်လည်း၊ လူမျိုးနှစ်စုအကြား သို့မဟုတ် အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားလျှင်မူ ကိုယ့်ဖက်မှ ဆုံးရှုံးမှုကိုသာ အလေးထားပြောဆိုလေ့ရှိကြသည်။ ဤသည်မှာ ပတ်ဝန်းကျင်၏ သနားကြင်နာမှုကို အခြေပြုသော ထောက်ခံမှုရယူလိုခြင်းနှင့် တဖက်သားကို မုန်းတီးစေလို၍ ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ နောက်ဆုံး၌ အမှန်တရား ပေါ်လာစမြဲပင်။

Read more: ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သတ်၍ ငြင်းခုန်ကြရာဝယ်

ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာ လူ့အဖွဲ့အစည်း

အာမန် (ပညာရေး)

(၁)

ရခိုင်ပြည်သည် နှစ်ပေါင်း ထောင်ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် သီးခြားလွတ်လပ်စွာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ ရခိုင်ပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ ရခိုင်ပြည်သူတို့ အပေါ်သာ မူတည်ခဲ့သည်။ နှစ်ပေါင်း ထောင်ကျော်သော ကာလအတွင်း ရခိုင်ပြည်၏ အဓိက လူမျိုးကြီး နှစ်ရပ်ဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တို့သည်  မြို၊ သက်၊ ဒိုင်းနက်၊ ချင်း၊ ခမိ စသည့် လူမျိုးစုတို့နှင့်အတူ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ၊ တရေတည်းသောက်ကာ တလှေတည်းစီးပြီး တမြေတည်း၌ပင် နေထိုင်လာခဲ့သည်။

ပိုမို လေ့လာ ဖတ်ရှုလိုပါက ဤ ကလိက်ကို နှိပ်ပါ