Wednesday, 21 August 2019

ဆောင်ပါးအပြည့်အစုံ ကို ဖတ်လိုလျှင် နေရာတွင် ခလိပ်နှိပ်ပါ။

ထက်မြတ်မေသူ၊ တောင်ကြီး

နိုင်ငံတော်၏ အမြှင့်ဆုံး အာဏာရှိ ကုလားထိုင်ပေါ်က လူအချို့ရဲ့   နိုင်ငံရေး အမြတ်ထုတ်မှုများ မတူညီတဲ့ လူ နှစ်စုကြား လောင်စား နဲ့ မီးစား တလှည့်စီ ကမ်းပေးခြင်း၊ ဘာသာ သာသနာကို စစ်လက်နတ် သဖွယ် လိုအပ် သလို   အသုံးချ၍ လူထုကို အပြန်အလှန် သတ်ဖြတ်ရန် အမုန်း မီးဖန်တီးပေးခြင်း။ ဘာသာရေး ၊ လူမျိုးရေး ပဋ္ဌိပက္ခာတွေကြား သားကောင် အဖြစ် မကြာခဏ ဆွဲသွင်းခံရလေ့ရှိတဲ့ ပြည်သူ လူထုက အာဏာရှိ ကုလားထိုင်ပေါ်က လူအချို့ရဲ့ လှည့်ကွက်တွေကို ရိပ်မိလာတာနဲ့ အမျှ လုပ်ကွက်ဟောင်း တွေက အလုပ်မဖြစ် တော့ဘူး  ခေတ်မမီတော့ဘူး End date ဖြစ်နေပြီး လူထုကလည် စိတ်ဝင်စားမှု မရှိကြတော့ဘူး၊ အာဏာရှင် လူတစ်စုတို့၏ သားကောင်းအဖြစ် ထောင်ဖမ်းခြင်းကို ခံခံ နေရတဲ့ ပြည်သူလူထုက ခံရ ပေါင်းများ လာတော့ အရိပ်မြင် အကောင်သိ ဆိုသည့် အတိုင်း  လူမျိုးရေး ဘာသာရေး အဓိကရုဏ်တွေကို မည်သူတွေက ဖန်တီးနေသလဲ  ဘာရည်ရွယ်ချက်ကြောင့် လုပ်ရသလဲ ဆိုတာ လူထုက သိရှိ နေသောကြောင့် လူမျိုးရေး နှင့် ဘာသာရေး ရန်တိုက် ပေးနည်းတွေ အလုပ် မဖြစ်တော့ဘူးဆိုတာ အာဏာရှင်တွေ သိအောင် ပြည်သူလူထုက သက်သေပြသနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေ့မြို့ က အဖြစ်ပျက်တွေကို ကြည့်ရှုခြင်းဖြင့် သိနိုင်လေ၏။
Read more: အမေ့ခံ လူသား သို့မဟုက် မြေဇပင်